အမေးအဖြေများ

၁။ Myanmar Cast ဆိုတာ ဘာလဲ။

Myanmar Cast သည် ဖျော်ဖြေရေးဆိုင်ရာအစီအစဉ်များကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် မဆို ကြည့်ရှုနိုင်သော Streaming App တစ်ခုဖြစ်ပါသည်။

 
၂။ Myanmar Cast မှာ ဘာတွေကြည့်လို့ရမှာလဲ ။

မြန်မာကားများနှင့် မြန်မာဇာတ်လမ်းတွဲအသစ်များ၊ LIVE TV အစီအစဉ်များ၊ ကြော်ငြာမပါ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းများ၊ တေးဂီတ၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်များကို ကြည့်နိုင်ပါသည်။

 
၃။ Myanmar Cast App ကို ဘယ်လိုဝင်ရမှာလဲ။

Myanmar Cast App အတွင်း ဝင်ရောက်ရန်အတွက် Myanmar Cast ခဲခြစ်ကတ်တွင် ပါဝင်သော Username ၊ Password တို့ကို အသုံးပြုနိုင်သလို မြန်မာနက်အကောင့် Username ၊ Password များကိုလည်း အသုံးပြုနိုင်ပါသည်။

 
၄။ Myanmar Cast အစီအစဉ်တွေကို ဘယ်လိုကြည့်ရမှာလဲ။

Myanmar Cast အစီအစဉ်များကို ကြည့်ရှုနိုင်ရန် နည်းလမ်း ၃ မျိုးရှိပါသည်။

  • (က) ရက် ၃ဝ ကြည့်ရှုနိုင်သည့် Myanmar Cast ခဲခြစ်ကတ်ကို ဝယ်ယူအသုံးပြုခြင်း
  • (ခ) မြန်မာနက် App တွင် ဗီဒီယိုသီးသန့် Myanmar Cast pack (ရက် ၃ဝ) ကို ဝယ်ယူအသုံးပြုခြင်း
  • (ဂ) Myanmar Cast အခမဲ့ကြည့်ခွင့်ပါဝင်သော မြန်မာနက်အင်တာနက်အစီအစဉ်များကို ဝယ်ယူအသုံးပြုခြင်း
 
၅။ Myanmar Cast ကို စမ်းသပ်ကြည့်ရှုနိုင်ပါသလား။

Myanmar Cast ကို အရောင်းကိုယ်စားလှယ် Tab တွင် ၇ ရက် အခမဲ့စမ်းသပ်ကြည့်ရှုနိုင်ပါသည်။

 
၆။ ခဲခြစ်ကတ်တွေကို ဘယ်မှာ ဝယ်ရမှာလဲ။

Myanmar Cast ခဲခြစ်ကတ်များကို နီးစပ်ရာအရောင်းကိုယ်စားလှယ်ဆိုင်များနှင့် မြန်မာနက် စတိုးများတွင် ဝယ်ယူနိုင်ပါသည်။

 
၇။ ဝယ်ယူထားတဲ့ Myanmar Cast အစီအစဉ်သက်တမ်း ကုန်ဆုံးမယ့်ရက်ကို ဘယ်လိုသိနိုင်မလဲ။

Myanmar Cast အစီအစဉ်သက်တမ်းကို မြန်မာနက် App တွင် အလွယ်တကူ ကြည့်ရှုနိုင်ပါသည်။

 
၈။ Myanmar Cast ကို မြန်မာနက်အင်တာနက်နဲ့ပဲ ကြည့်နိုင်တာလား။

မည်သည့်အင်တာနက်ဖြင့်မဆို Myanmar Cast အား ကြည့်နိုင်ပါသည်။

 
၉။ မြန်မာနိုင်ငံတွင်းမှာပဲ Myanmar Cast ကို ကြည့်နိုင်တာလား။

တစ်ကမ္ဘာလုံး မည်သည့်နေရာတွင်မဆို Myanmar Cast အား ကြည့်နိုင်ပါသည်။

 
၁ဝ။ Myanmar Cast App က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။

ဗီဒီယိုများကို တိုက်ရိုက်ကြည့်နိုင်သော်လည်း ဒေါင်းလုဒ် မဆွဲနိုင်ပါ။

 
၁၁။ Myanmar Cast App ကို ဘယ် Device အမျိုးအစားတွေမှာ ကြည့်လို့ရလဲ။

Myanmar Cast App ကို လတ်တလောကာလတွင် မည်သည့်ဖုန်းအမျိုးအစားဖြင့်မဆို ချိတ်ဆက်ကြည့်နိုင်ပြီး မကြာမီကာလတွင် အခြားသော PC ၊ TV စသော Device များတွင်ပါ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

 
၁၂။ Myanmar Cast ကို Device ဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။

Myanmar Cast ကို Device တစ်လုံးသာ ချိတ်ဆက်ကြည့်နိုင်ပါသည်။ အခြား Device တွင်ပြောင်းလဲ ကြည့်ရှုလိုပါက ပထမ ချိတ်ဆက်ထားသော Device ကို ဖြုတ်ရပါမည်။

 
၁၃။ နိုင်ငံရပ်ခြားမှာ နေတဲ့သူတွေအတွက် Myanmar Cast ကို ကြည့်ဖို့ ဘယ်လိုလုပ်ရမှာလဲ။

Myanmar Cast ကို နိုင်ငံရပ်ခြားတွင်လည်း ကြည့်ရှုနိုင်ရန်အတွက် ပြည်ပအရောင်းကိုယ်စားလှယ် Package များအား Myanmar Cast ဝဘ်ဆိုက်တွင် ရောင်းချပေးလျက် ရှိပါသည်။ နေထိုင်ရာ ပတ်ဝန်းကျင်တွင် အရောင်းကိုယ်စားလှယ်များ မရှိပါက Package များကို အမြတ်အနည်းငယ်ဖြင့် ပြန်လည်ရောင်းချနိုင်သော ပြည်ပအရောင်းကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ရန် အကြံပြုလိုပါသည်။

 
၁၄။ Myanmar Cast ရဲ့ ပြည်ပအရောင်းကိုယ်စားလှယ် ဖြစ်ဖို့ ဘာတွေ လိုအပ်လဲ။

ပြည်ပအရောင်းကိုယ်စားလှယ် Package တစ်ခုသာ ဝယ်ယူရန် လိုအပ်ပါသည်။

 
၁၅။ ပြည်ပအရောင်းကိုယ်စားလှယ် Package မှာ ဘာတွေပါလဲ။

ပြည်ပအရောင်းကိုယ်စားလှယ် Package တစ်ခုလျှင် Myanmar Cast ကို ရက်ပေါင်း ၉ဝ ကြည့်ရှုနိုင်သည့် Pack ပေါင်း ၁ဝ ခု ပါဝင်ပြီး Pack တစ်ခုချင်းနှုန်းထား အမေရိကန် ၄ ဒေါ်လာ (ပုံမှန် ၆ ဒေါ်လာ) သာ ကျသင့်ပါသည်။

 
၁၆။ ပြည်ပအရောင်းကိုယ်စားလှယ် Package ကို ဘယ်နှစ်ခုထိ ဝယ်နိုင်ပါသလဲ။

အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။

 
၁၇။ ပြည်ပအရောင်းကိုယ်စားလှယ် Package ကို ဘယ်လိုဝယ်ရမလဲ။

ပြည်ပအရောင်းကိုယ်စားလှယ် Package ကို Myanmar Cast ဝဘ်ဆိုက်တွင် တိုက်ရိုက်ဝယ်ယူနိုင်ပြီး cs@myanmarcast.com သို့ Email ပို့၍လည်း ဆက်သွယ်မှာယူနိုင်ပါသည်။

 
၁၈။ အရောင်းကိုယ်စားလှယ်အဖြစ် ဘာကြောင့်လုပ်သင့်လဲ။ ဘယ်လိုအကျိုးအမြတ်တွေရမှာလဲ။

အရောင်းကိုယ်စားလှယ်များအဖြစ် လုပ်ဆောင်ပြီး Myanmar Cast အစီအစဉ်များ ရောင်းချပေးရုံဖြင့် အချိန်မကုန် လူမပင်ပန်းဘဲ အပိုဝင်ငွေရရှိနိုင်ပါသည်။

 
၁၉။ အရောင်းကိုယ်စားလှယ်တွေအနေနဲ့ အခက်အခဲရှိရင် ဘယ်ကိုဆက်သွယ်ရမလဲ။

အရောင်းကိုယ်စားလှယ်များအတွက် Myanmar Cast အစီအစဉ်များနှင့် ပတ်သက်၍ အခက်အခဲများ၊ စုံစမ်းမေးမြန်းစရာများရှိပါက cs@myanmarcast.com သို့ဆက်သွယ်နိုင်ပါသည်။