j_family

“ဂျေမိသားစု” တွင် ဂျေမောင်မောင် ၊ ဂျေညီညီ ၊ ဂျေညီမလေး နှင့် သီရိဂျေမောင်မောင် တို့ပါဝင်သည်။ ဂျေမောင်မောင်သည် ဂျေညီညီ နှင့် ဂျေညီမလေးတို့၏ အကိုကြီး ဖြစ်ပြီး သီရိဂျေမောင်မောင် မှာ ၎င်း၏တစ်ဦးတည်းသော သမီးဖြစ်သည်။

“ဂျေမောင်မောင်” သည် ဩဂုတ်လ ၁၂ ရက် ၁၉၅၁ ဝါးခယ်မ မြို့တွင် မွေဖွားခဲ့ပြီး ၁၉၇၀ ခုနှစ်မှစတင်၍ တေးသီချင်းများ ရေးစပ်ခဲ့သည်။အထူးသဖြင့် နာမည်ကြီးတေးသံရှင်များဖြစ်သည့် ခိုင်ထူး၊ မေဆွိ ၊ အင်္ဂလန်စိန် လီလီနိုင်ကျော် ၊ ခင်မောင်ထူး ၊ ဂျေညီညီ၊ ဇော်ဝင်းရှိန် နှင့် သူ၏သမီးဖြစ်သူ သီရိဂျေမောင်မောင် အတွက်လည်း အောင်မြင်ကျော်ကြား လူကြိုက်များသော သီချင်းများစွာကို ရေးစပ်ခဲ့ပါသည်။ တေးရေး ဆရာ အဖြစ်သာမက မန္တလေးမြို့ရှိ ရှဲလ်တေးဂီတဝိုင်း (Shells) ၏ ပင်တိုင်အဆိုရှင် အဖြစ် ဂီတလောကတွင် လူသိများလာရာမှ ၎င်း ၏ ပထမဦးဆုံး တစ်ကိုယ်တော်တေးစီးရီး ဖြစ်သည့် “အချစ်ရေ” အမည်ရ တေးစီးရီးအား စံပါယ်ဦး တေးသံသွင်းမှ တစ်နိုင်ငံလုံး သို့ ဖြန့်ချီခဲ့ရာယနေ့ချိန်ထိ အလွန်ရေပန်းစားလူသိများသော သီချင်းခွေဖြစ်ခဲ့ပါသည်။ ထို့နောက်ပိုင်း တစ်ကိုယ်တော် တေးစီးရီး(၁၂) ခွေ အား အစဉ်တစိုက်ဖြန့်ချီခဲ့ပါသည်။ ၎င်းတို့မှာ “လမ်းပေါ်မှာ” ၊ “အသည်းစွဲ” ၊ “မက်မပြေ” ၊ “ဒိုင်ယာရီ”၊ “မင်းအတွက် ဘာပဲဖြစ်ဖြစ်”၊ “အချစ်ရိပ်”၊ “ဂျေမောင်မောင် ရဲ့ ဂျေမောင်မောင်” အဝေးဆုံးမှ အနီးဆုံး” ၊ “ပရိတ်သတ် အကြိုက်ဆုံး စင်ပေါ်ကတေးများ” ၊ “စင်ပေါ်ရောက် ကိုယ်ပိုင်သံစဉ်များ” ၊ “လမ်းပေါ်မှာ အသည်းမခွဲပါနဲ့” ဟူသော တေးစီးရီးများကို ကိုထုတ်ဝေခဲ့သည်။ အခြားသူများ နှင့် ပေါင်းစပ် သီဆိုထားသည့် သီချင်းများစွာလည်း ထွက်ရှိခဲ့ပြီး လတ်တလော အနေဖြင့် “မယုံလို့လား” တေးစီးရီးအား ချိုကြည်သာ တေးသံသွင်းမှ ၂၀၂၀ တွင် စတင်ဖြန့်ချီခဲ့သည်။

“ဂျေညီညီ” သည် ဒီဇင်ဘာလ ၁၂ရက် ၁၉၅၃ ခုနှစ် တွင် မွေးဖွားခဲ့ပြီး ဂီတလောကတွင် လူသိများသော အဆိုရှင်တစ်ဦးဖြစ်သည်။ ၎င်း၏ “စွဲနေပြီ” အမည်ရ ပထမဆုံး တေးစီးရီးကို ၁၉၈၅ တွင် New Wave တေးဂီတ ဖြင့်ထုတ်ဝေခဲ့ရာ လူကြိုက်များခဲ့သည်။ ထိုနောက်ပိုင်း ၁၉၈၆ ၌ “ချစ်တယ်”ဟူသောတေးစီးရီးကို လည်းကောင်း၊ ၁၉၈၇ ၌ “ရင်ထဲမှာ” ၊၁၉၉၀ ၌ “အလွမ်းကဖီး” နှင့် ၁၉၉၂ ၌ “မှတ်တိုင်များ” ၊၁၉၉၄ ၌ “အကောင်းဆုံးတေးများ” ၁၉၉၇ ၌ “ ဂီတသူရဲကောင်း တစ်ယောက် ၏ အထုပ္ပတ္တိ” နှင့် ၂၀၀၉ ၌ “ဂျေ - ၃ နှင့် ဂျေ - ၅”အမည်ရ တေးစီးရီး များကို ထုတ်ဝေဖြန့်ချီခဲ့ပါသည်။

“သီရိဂျေမောင်မောင်” သူမ၏ “ဘလက်(ခ်)ကော်ဖီ” အမည်ရ တစ်ကိုယ်တော် တေးစီးရီးအား Iron Cross တီးဝိုင်း မှ တီးခတ်ပေးကာ စံပါယ်ဦးတေးသံသွင်း မှ 1994 တွင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချီခဲ့ပါသည်။ ၎င်း တေးစီးရီး ၏ ခေါင်းစဉ်သီချင်းဖြစ်သော “ဘလက်(ခ်)ကော်ဖီ” သီချင်း မှာ ယနေ့ အချိန်ထိလူသိများနေသော သီချင်းတစ်ပုဒ်ဖြစ်ကာ သူမအနေဖြင့် “လှုပ်ရှားနေတယ်ဆို” “နေ့သစ်များ”“ကမ္ဘာပြိုမယ့်ည” “အကြည့်” နှင့် “အကောင်းဆုံးတေးများ” တေးစီးရီးများ နှင့် VCD ကို ဆက်တိုက်ထုတ်ဝေခဲ့ပါသည်။ အခြားအဆိုတော်များ နှင့် ပူးတွဲသီဆိုသည့် အထူးသဖြင့် Valentine’s Day နေ့ အတွဲခွေတေးစီးရီးများ သင်္ကြန်အမှတ်တရတေးစီးရီး များစွာတွင်လဲ ပါဝင်သီဆိုခဲ့ရာ ယခုအချိန်ထိ ပရိသတ်ကြား ရေပန်းစားသည့်တေးသီချင်းများ ဖြစ်ပါသည်။ ယခုအခါတွင် ၂၀၁၉ နိုဝင်ဘာလ မှ “ဘာကြောင့်လဲ” အမည်ရ Single Music Video အား Online ရှိ ပရိတ်သတ်များ ကြည့်ရှုနားဆင်နိုင်ရန် ထုတ်လုပ်ခဲ့ပြီး “တေးသံသာ” “Joox” နှင့် Myanmar Cast Digital Streaming Channel များမှ တစ်ဆင့်ကြည့်ရှု ခံစားနိုင်မည်ဖြစ်သည်။ ယခု အခါ Myanmar Cast Streaming Platform ပေါ်တွင် အခမ်းအနားများ နှင့် ပွဲလမ်းသဘင်များတွင် သီဆိုမှုများကို အလျဉ်းသင့်သလို တင်ဆက်ပေးသွားမည်ဖြစ်သည်။

“ဂျေညီမလေး” သည် ၁၉၉၀ နောက်ပိုင်း တွင် ဂီတလောကထဲ စတင်ဝင်ရောက်ခဲ့ပြီးနောက် သူမ၏ တစ်ကိုယ်တော် တေးစီးရီးများ ဖြစ်သည့် “ရေဒီယိုည” အား ၁၉၉၆ တွင် ၎င်း ၊ “မင်းဘေးက ကောင်မလေး ဘယ်သူလဲ” အား ၂၀၀၆ ခုနှစ်တွင် ၎င်း၊ “နင် နဲ့ ငါ” တေးစီးရီး အား ၂၀၂၀ တွင် ၎င်း ထုတ်လုပ်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။