မြန်မာကက်

Myanmar Cast

 

    မြန်မာကက်သည် မြန်မာနက်မှ စတင်မိတ်ဆက်လိုက်သည့် သတင်း၊ သီချင်း၊ ရုပ်ရှင်နှင့် ဖျော်ဖြေရေးကဏ္ဍပေါင်းစုံလင်စွာ ပါဝင်သည့် အင်တာနက် ရုပ်မြင်သံကြားအစီအစဉ်များအားစုစည်းတင်ဆက်ထားသည့် မိုဘိုင်းအပလီကေးရှင်းတစ်ခုဖြစ်ပါသည်။မြန်မာကတ်စ်၏ စိတ်လှုပ်ရှားဖွယ်ဖျော်ဖြေရေးကဏ္ဍများစွာအား မြန်မာနိုင်ငံ၏ အကျော်ကြားဆုံးသော မီဒီယာများနှင့်ပူးပေါင်း၍တင်ဆက်ထားခြင်းဖြစ်ပါသည်။

    မြန်မာကက်တွင် မြန်မာ ရုပ်ရှင်ဗွီဒီယိုဇာတ်ကား ကောင်းကောင်းကြိုက်နှစ်သက်သူ ဝါသနာရှင်များ၊ မြန်မာကက်တွင်သာ ကြည့်ရှုနိုင်သည့်မျက်နှာသစ်လူငယ်သရုပ်ဆောင်များစွာ ပါဝင်သည့် ဇာတ်လမ်းတွဲအသစ်များ၊ မြန်မာ MTV သီချင်းနှစ်သက်သူ ပရိတ်သတ်များ၊ နေ့စဉ်သုံး ဗဟုသုတနဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ရှာဖွေနေသူများအတွက် မြန်မာနက်ရဲ့ မြန်မာကက်မှ ကြိုဆိုပါတယ်။ သီချင်းကြိုက်သူတွေအတွက် မြန်မာ MTV သီချင်းပေါင်းများစွာကို နားဆင်နိုင်သလို ဂီတပညာ လေ့လာချင်သူတွေ အတွက်လည်း ဗွီဒီယိုသင်ခန်းစာတွေ တင်ပေးထားပါတယ်။

    ရုပ်ရှင်နဲ့ သီချင်း ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ နောက်ဆုံးရ ရုပ်သံ သတင်းထူး၊ သတင်းဦးတွေကို သိရမယ်၊ အားကစားဝါသနာရှင်တွေအတွက်လည်း သက်ဆိုင်ရာသတင်းတွေကို သိရမှာပါ။ ဒီလိုဖျော်ဖြေရေးတွေ အပြင် နေ့စဉ်လူနေမှုဘဝမှာ အရေးပါတဲ့ ကျန်းမာရေး၊ အစားအသောက်၊ အလှအပရေးရာနဲ့ တခြားသော စိတ်ဝင်စားဖွယ် သုတအဖြာဖြာကိုလည်း မြန်မာကက်ကနေ အမြဲ တင်ဆက်ပေးသွားမှာပါ။မြန်မာကက်ကို Frontiir မှ တင်ဆက်ပြသခြင်းဖြစ်ပါသည်။