လက်တွဲလုပ်ဆောင်သူများ
မြန်မာကတ်စ်နဲ့ ပူးပေါင်းထားတဲ့ လက်တွဲဖက်တွေကတော့ MCS၊ Myanmar Music Network၊ Mizzima TV, Maximax Solution, Blue Planet, AES Myanmar, 7887, Legacy Music Network, အချစ်တစ်လိုင်း TV, 7 Day TV, ဂီတမိတ်, Yangon Yangon, DVB TV နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ပဲ ဖြစ်ပါတယ်။

MCS
MCS တွင်မြန်မာရုပ်ရှင်ဗွီဒီယိုဇာတ်ကား ကောင်းကောင်းကြိုက်နှစ်သက်သူ ဝါသနာရှင်များ၊ MCS တွင်သာ ကြည့်ရှုနိုင်သည့်မျက်နှာသစ်လူငယ်သရုပ်ဆောင်များစွာ ပါဝင်သည့် ဇာတ်လမ်းတွဲအသစ်များအား နေ့စဉ် အပတ်စဉ် အသစ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Myanmar Music Network
မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော အနုပညာကြယ်ပွင့်များ၏ တေးသီချင်း MTV များသာမက တက်သစ်စ အနုပညာရှင်တို့၏ ရှာဖွေနားဆင်ရန်ခက်ခဲသော သီချင်းကောင်းများစွာကို တစ်နေရာတည်းစုစည်းတင်ဆက်ပေးမည် ဖြစ်ပါသည်။

Mizzima TV
မြန်မာနိုင်ငံ၏ လိုင်စင်ရ ရုပ်သံတင်ဆက်သူ ငါးဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သော Mizzima TV ၏ ထူးခြားသော သတင်းဦးသတင်းထူးနှင့် ဖျော်ဖြေရေး ကဏ္ဍပေါင်းစုံတို့အား ဤနေရာတွင် ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။

Maximax Solution
Maximax Solution (MS) သည် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့ကြီးများနှင့်တကွ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်သည့် ကော်ပိုရေးရှင်းကြီးများအား ဘဏ္ဍာရေး ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံဉာဏ်များဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ၎င်းအပြင် MS မှ မြန်မာကတ်(စ်) နှင့် ပူးပေါင်း၍ ပညာရေး အထူးသဖြင့် ငွေကြေးနှင့်စာရင်းစစ်ပညာ လေ့လာလိုသော လူငယ်၊ လူကြီးများအနေဖြင့် သင်ခန်းစာများအား နေရာမရွေး အင်တာနက်ရှိနေရုံမျှဖြင့် အွန်လိုင်းပေါ်တွင် လွယ်ကူစွာလေ့လာနိုင်စေရန် ရည်ရွယ်၍ ဤကဏ္ဍကိုတင်ဆက်ပေးလိုက်ပါသည်။

Blue Planet
မြန်မာပြည်ရှိ အထူးကောင်းမွန်သော မာတိကာ အကြောင်းအရာများစွာတို့အား တစ်နေရာတည်းထဲတွင် စုဝေးထားပြီး ရသစုံလင်အစီအစဉ်များစွာ ပေးစွမ်းနိုင်သည့် အကြီးမားဆုံး အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်ပါသည်။ ငွေကြေးနှင့်ပတ်သက်သော သတင်းဦးများ၊ အားကစား၊ ပညာရေးနှင့် ဘဝနေထိုင်မှုပုံစံအမျိုးမျိုးတို့သာမက ရုပ်ရှင်ဇာတ်လမ်းများ ၊ ဖျော်ဖြေရေး ကဏ္ဍမျိုးစုံတို့အားလည်း တနေရာတည်းတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

AES Myanmar
ဂီတအနုပညာအား ထဲထဲဝင်ဝင်လေ့လာလိုသူများအတွက် သီချင်းသံစဉ်များ ဖြစ်ပေါ်လာရန် မည့်ကဲ့သိုဖန်တီးရပုံတို့သာမကအသံပိုင်းဆိုင်ရာ အတတ်ပညာရှင်များ ဂီတအနုပညာရှင်များ၏ အင်တာဗျူးအစီအစဉ် ပရိုဂရမ်များနှင့် အခြား စိတ်ဝင်စားဖွယ်အစီအစဉ်များအား အလျဉ်းသင့်သလို စီစဉ်တင်ဆက်ပေးနေပါသည်။

7887
ကျန်းမာရေးနှင့် ဆက်စပ်ပတ်သက်သည့် သတင်းအခြေအနေများ ဆောင်ရန်ရှောင်ရန်များနှင့်တကွ အသိပညာပေးကဏ္ဍပေါင်းစုံလင်စွာ တနေရာထဲတွင် ကြည့်ရှုနိုင်ပါသည်။

Legacy Music Network
မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော အနုပညာကြယ်ပွင့်များ၏ တေးသီချင်း MTV များသာမက တက်သစ်စ အနုပညာရှင်တို့၏ ရှာဖွေနားဆင်ရန်ခက်ခဲသော သီချင်းကောင်းများစွာကို တနေရာတည်း စုစည်းတင်ဆက်ပေး ထားပါသည်။

အချစ်တစ်လိုင်း TV
အချစ်နှင့် ပတ်သက်ဆက်စပ်သည့် ခေါင်းစဉ်မှန်သမျှ “အချစ်တစ်လိုင်း TV”မှ စိတ်ဝင်စားဖွယ် အစီအစဉ်များဖြင့် တင်ဆက်ပေးထားပါသည်။ တရုတ်ကား ဇာတ်လမ်းတွဲများ နာမည်ကြီးအနုပညာရှင်စုံတွဲများ၏ အချစ်အင်တာဗျူးများအပြင် အခြားစိတ်ဝင်စားဖွယ်ရာကဏ္ဍပေါင်းများစွာကိုလည်း အချစ်နှင့်မကင်းသောပရိသတ်များအတွက် အထူးတင်ဆက်ပေးထားပါသည်။

7 Day TV
7 Day TV ၏ သတင်းတိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်မှ စီးပွားရေး ကျန်းမာရေး ပညာရေး အဆင့်မြင့်နည်းပညာများသာမက သဘာဝပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော နေ့စဉ် သတင်းဦးသတင်းထူး များ၊ ခရီးသွားလုပ်ငန်းနှင့် ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် သတင်းအစုံအလင်အား တင်ဆက်ပေးနေသည့် သတင်း Channel တစ်ခုဖြစ်သည်။ထိုကဲ့သို့သတင်းများသာမက နေ့စဉ်လူနေမှုဘဝနှင့် စပ်လျဉ်းသော အကြောင်းအရာများ ဖျော်ဖြေရေး အနုပညာကြယ်ပွင့်များနှင့် ဆက်စပ်နေသော သတင်းအစီအစဉ်များ စာပေဗဟုသုတရသမျိုးစုံတို့သာမက မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်သည့် နေ့စဉ်သတင်းများ မြန်မာနှင့် ကမ္ဘာ့အားကစားသတင်းများသာမက အထူးအစီရင်ခံ သတင်းထူး သတင်းဦးများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးနေပါသည်။

ဂီတမိတ်
အနုပညာအား ဝါသနာပါပြီး ကိုယ်တိုင်ကျောင်းသို့ လာရောက်လေ့လာရန်အဆင်မပြေသူများအတွက် မြန်မာနိုင်ငံ၏ ဂီတမိတ်ကျောင်းဆရာများမှ တေးဂီတသံစဉ်များနှင့် ပတ်သက်သည့် လေ့ကျင့်သင်ကြားရေးအစီအစဉ်များ ၊ ဖျော်ဖြေမှုများအား ဤအစီအစဉ်တစ်ခုထဲတွင်သာလေ့လာကြည့်ရှုခံစားနိုင်အောင် တက်ဆက်ပေးထားပါသည်။

Yangon Yangon
Yangon Yangon တွင်မြန်မာနိုင်ငံ၏အထင်ကရ မြို့လယ်ခေါင် ၌ရှိသော ရန်ကုန်မြို့၏လှပသော ရှုခင်းအား အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ပြီး နိုင်ငံတကာမှ ငြိမ့်ညောင်းဂီတသံစဉ်များသာမက မြန်မာပြည်ရှိ နာမည်ကြီးအနုပညာရှင်အချို့တို့ရဲ့ Live Show ဖျော်ဖြေရေးအစီအစဉ်များအား အလျဉ်းသင့်သလို စီစဉ်တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

DVB TV
DVB TV (ဒီမိုကရက်တစ် မြန်မာ့အသံ)သတင်းဌာနသည် လွတ်လပ်ပြီး တာဝန်ယူမှုရှိသည့် မာလ်တီမီဒီယာ သတင်းအဖွဲ့အစည်းဖြစ်သည်။ ၁၉၉၂ မှာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ စတင်ထူထောင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံမှာ အခြေစိုက်သည့် သက်တမ်း ၂၆ နှစ်ရှိသည့် မီဒီယာ ဖြစ်သည်။ ဒီဗွီဘီ တီဗွီကို နေ့စဉ် ဆက်တလိုက်တီဗီ ဒစ်ဂျစ်တယ်တီဗီ၊ အွန်လိုင်း ဆိုရှယ်မီဒီယာများနှင့်ယခုအခါ မြန်မာနက်၏ မြန်မာကတ်(စ်)အက်ပလီကေးရှင်းတို့တွင် ထူးခြားသည့် နောက်ဆုံးရသတင်းများကို တစ်နာရီတစ်ခါ ပြန်လည်ပြုပြင်၍ အပ်ဒိတ် ထုတ်လွှင့်ပေးနေသည့် အများပြည်သူ အကျိုးပြုသည့် ရုပ်သံ အစီအစဉ်များကိုတင်ဆက်နေသည့်သတင်းမီဒီယာဖြစ်သည်။ နေ့စဉ်ကြည့်ရှုသူ ပရိသတ် ၁၂ သန်းခန့်ရှိပြီး ဆိုရှယ်မီဒီယာတွင်လည်း ၁၀ သန်းကျော် ရှိပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် သည် ရုပ်ရှင်နှင့်ပြဇာတ်၊ဂီတ၊သဘင်၊ပန်းချီ၊ပန်းပု စသော အနုပညာနှင့် ပတ်သက်သည့် သင်ခန်းစာများကို သင်ကြားပို့ချလျက်ရှိသော တက္ကသိုလ်တစ်ခုဖြစ်သည်။ ကျောင်းသား/သူများ ဖန်တီးထားသော မြန်မာရိုးရာ ယဉ်ကျေးမှုနှင့်ပတ်သက်သည့် အနုပညာ ပညာရပ်များ၊ ဂီတလက်ရာများ၊ ပန်းချီ၊ပန်းပုလက်ရာများ၊မှတ်တမ်းရုပ်ရှင်များ၊ပြဇာတ်များ၊ တေးသရုပ်ဖော်လက်ရာများ၊ရုပ်ရှင်ဇာတ်လမ်းတိုများ အစရှိသည်တို့ကို အလျဉ်းသင့်သလို တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။